ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော အမျိုးသမီး များသည် ‘Love God Greatly’ မှ ဘာသာပြန်ကျမ်းစာလေ့လာမှုစာစောင်များမှ တစ်ဆင့် နှုတ်ကပတ်တော်ကို အတူတကွလေ့လာကြပါသည်။ ကျွန်ုပ်တို့ရဲ့ ကျမ်းစာလေ့လာမှုစာစောင်များကို အသုံးပြု၍ နှုတ်ကပတ်တော်လေ့လာရန် တချို့အမျိုးသမီးတွေက မိမိနေထိုင်သောနေရာနှင့်နီးစပ်သည့် မိတ်သဟာယအဖွဲ့များ သို့မဟုတ် အွန်လိုင်းမိတ်သဟာယအဖွဲ့များနှင့် ချိတ်ဆက်ပါဝင်ကြပြီး အမျိုးသမီးတချို့တွေကတော့ တစ်ယောက်တည်း လုပ်ဆောင်ကြပါသည်။ ကိုလံဘီယာနိုင်ငံ၏ ကော်ဖီစိုက်ခင်းများမှ မက္ကဆီကိုနိုင်ငံ၏ ကြီးကျယ်သော မြို့ပြကြီးများအထိ ၊ဗင်နီဇွဲလားနိုင်ငံရှိ တောတောင်များမှ အာဂျင်တီးနားနိုင်ငံ Patagonia အထိ (ဆိုလိုသည်မှာ – နေရာဒေသအသီးသီးမှ) အမျိုးသမီးများသည်
သမ္မာကျမ်းစာကို လေ့လာရန်သာမက ၎င်းတို့၏ ဝိညာဉ်ရေးဆိုင်ရာ အသက်တာကို ပြုစုပျိုးထောင်ရန်နှင့် ကြီးထွားလာစေရန်၊ ဒါ့အပြင် ချစ်ခြင်းမေတ္တာနှင့်ခွန်အားပေးမည့် မိတ်သဟာယအဖွဲ့များဖွဲ့စည်းရန် အတူတကွ လက်တွဲချိတ်ဆက်ကာ အားတက်သရော်လုပ်ဆောင်ကြပါသည်။
ကျွန်ုပ်တို့၏အမျိုးသမီးအချို့ထံမှ သက်သေခံချက်များကို သင်ဖတ်ပြီး ‘Love God Greatly’ အားဖြင့် ဘုရားသခင်လုပ်ဆောင်နေသမျှကို ချီးမွမ်းဂုဏ်ပြုရန် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်လိုက်ပါ။
အမျိုးသမီးများသည် ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာတရားအား သိကျွမ်းသောဉာဏ်ပညာအရာကို မိမိ၏အသက်တာတွင် ယူတင်ဝတ်ဆင်သောအခါ၊ ထိုအမျိုးသမီး၏ အသက်တာအားဖြင့် ကမ္ဘာကြီးလည်းပြောင်းလဲသွားပါမည်။
연회장은 물로 된 포도주를 맛보고도 어디서 났는지 알지 못하되 물 떠온 하인들은 알더라 (요한복음 2장 9절 말씀) 하나님 앞에 나의 물을 가지고 옵니다. 나, 주신 가정, 주신 자녀, 주신 교회, 부르신 삶의 자리, 모든 것을 가지고 주 앞에 나아옵니다. 능력없는 나를 통해 물이 변하여 포도주로 만드신 하나님 말씀 의지하여 나아올 때 세상 어떤 포도주보다 더 좋은 것으로 주시는 예수님. 연회장은 알지 못해도 물떠온 하인들은 알았습니다. 물이 변하여 포도주를 만드신 이가 누구신지,, 물같은 우리의 삶이 예수님 한분의 개입하심으로 포도주되게 하심에 감사하며 하나님 한분만을 찬양하며 영광돌리는 삶 살게 하시고, 하나님이 부르시는 곳이면 어디든지 기도하며 승리를 선포하며 순종하는 마음으로 나아갑니다.
‘Love God Greatly’ သည် ရိုးရှင်းသော ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ဖြင့် အစပြုခဲ့သော်လည်း ထိုနေရာတွင်သာ ရပ်တံ့မနေပါ။ အတူတကွ စုဝေးမိတ်သဟာယဖွဲ့ရခြင်းကို အလွန်နှစ်သက်ပါသည်။ ထို့ကြောင့် အချို့သောအမျိုးသမီးများသည် အိမ်များနှင့် အသင်းတော်များတွင် စုရုံးကြပြီး၊ အချို့က ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများနှင့် အွန်လိုင်းပေါ်တွင် ချိတ်ဆက်ကြပါသည်။
သင် ထူးခြားမှုကို ပြုလုပ်လိုကြောင်း ကျွန်ုပ်တို့ သိပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကျမ်းစာမတတ်မြောက်မှုကို တိုက်ဖျက်ရန်နှင့် ကျွန်ုပ်တို့တတ်နိုင်သလောက် ဘာသာစကားများစွာဖြင့် ကျမ်းစာလေ့လာခြင်းအရင်းအမြစ်များကို ပံ့ပိုးပေးရန်အတွက် ကျွန်ုပ်တို့၏မစ်ရှင်တွင် ဘုရားသခင်ကို ချစ်မြတ်နိုးစွာဖြင့် ကြီးမားစွာပါဝင်လိုက်ပါ။
အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုအနေဖြင့် Love God Greatly သည် အမှန်တကယ်အရေးကြီးသောအရာများတွင် ရင်းနှီးမြုပ်နှံရန် ရွေးချယ်ခဲ့သော သင်ကဲ့သို့ အမျိုးသမီးများ၏ ရက်ရောမှုကြောင့် တည်ရှိနေပါသည်။
လှူဒါန်းမှုတိုင်းသည် အခြားအမျိုးသမီးများ၏ ဘဝအပေါ် ဝိညာဉ်ရေးဆိုင်ရာ သက်ရောက်မှုရှိသည်။