ကြိုဆိုပါတယ် မိတ်ဆွေ

အလုပ်များသောနေ့များကို ဖြတ်သန်းရင်း ထိုနေ့များတွင် ဘုရားသခင့်နှုတ်ကပတ်တော်၌ မွှေ့လျော်ခွန်အားယူဖို့ အချိန်ပေးရန် သင်ရုန်းကန်နေရခြင်းကို ကျွန်ုပ်တို့နားလည်ပါသည်။ ဒါကြောင့် SOAP လို့ခေါ်တဲ့ လွယ်ကူထိရောက်သော ကျမ်းစာလေ့လာခြင်းနည်းလမ်းကို ဖန်တီးထားပါသည်။

 

တစ်နေ့ ၁၅၂၀ မိနစ်မျှသာ အချိန်ယူခြင်းဖြင့် ဘုရားသခင်၏နှုတ်မြွက်စကားတော်များကို ဖတ်ရှုရန် အချိန်သာမက ၎င်းကို သင့်ဘဝတွင် လက်တွေ့အသုံးချပြီး အသက်ရှင်ဖို့ သင်ယူနိုင်ရန် ကျွန်ုပ်တို့ ကူညီပေးနေပါသည်။

 

ကျွန်ုပ်တို့ နှလုံးသားထဲမှ ဆန္ဒတစ်ခုကတော့ သင်တို့၏ မြန်မာဘာသာစကားဖြင့် ကျွန်ုပ်တို့၏ ကျမ်းစာလေ့လာခြင်းစာစောင်များကို လေ့လာနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြင့် သင်တို့အားအစေခံလိုခြင်း ဖြစ်ပါသည်။ ဒါ့အပြင် ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို အတူတကွလေ့လာရန် နွေးထွေးဖော်ရွေသော အမျိုးသမီးမိတ်သဟာယအဖွဲ့လေးကို သင်ကိုယ်တိုင်ဖွဲ့စည်းနိုင်ရန် သို့မဟုတ် သွားရောက်ပါဝင်နိုင်ရန် ကူညီပေးရန်ဖြစ်ပါသည်။

 

“ဒီကျမ်းစာလေ့လာမှုစာစောင်တွေက ကျွန်မဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ လေ့လာမှုပြုလုပ်ရတာ အရမ်းလွယ်ပါတယ်၊ ၁၅ မိနစ်လောက်ပဲ အချိန်ပေးပြီး ဘုရားသခင်နဲ့ ပိုရင်းနှီးလာအောင် ကူညီပေးတယ်။ စမ်းပြီးအသုံးပြုကြည့်ပါ၊ သင့်အတွက် အကျိုးရှိလိမ့်မယ်လို့ အကြံပြုထောက်ခံပါတယ်။” 

နာတာရှာ၏ သက်သေခံချက်

ကျမ်းစာလေ့လာရန်စာစောင်များ

LOVE GOD GREATLY အဖွဲ့အစည်းက ဘာတွေလုပ်ဆောင်သလဲ။

Love God Greatly – (ဘုရားသခင်ကို အားကြီးစွာချစ်ခြင်း) အဖွဲ့သည်နိုင်ငံတကာ အမျိုးသမီးသာသနာပြုအဖွဲ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများအား ၎င်းတို့၏အသက်တာဖြင့် ဘုရားသခင်ကို အလွန်အားကြီးစွာချစ်တတ်စေရန် ကူညီပံ့ပိုးပေးနေပါသည်။ 

 

အမျိုးသမီးများသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း သူတို့၏ဘဝတွင် အသက်ရှင်နေထိုင်ခြင်းဖြင့် ဘုရားသခင်၏အကြောင်းကို ပိုမိုနားလည် သဘောပေါက်စေရန် လမ်းညွှန်ပေးသော ကျမ်းစာလေ့လာရန်စာစောင်များနှင့် အရင်းအမြစ်များကို ဘာသာစကား ၄၀ ကျော်ဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နှုတ်ကပတ်တော် သမ္မာကျမ်းစာမသိသေးသူများအား ကူညီပံ့ပိုးဖြန့်ဝေလျှက် ရှိပါသည်။

Play Video

LGG ဖွဲ့စည်းဖြစ်ခဲ့ပုံ

LGG တည်ထောင်သူဒါရိုက်တာ အန်ဂျလာဖဲရစ်ထံမှ အမှာစကား

Play Video

ဘာသာပြန်သူများ၏ အကြောင်းများ

ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ ကျမ်းစာလေ့လာနိုင်ရန်အတွက် ဘာသာစကားမျိုးစုံဖြင့် ကျမ်းစာလေ့လာနိုင်သည့် အရင်းအမြစ်များ အရေးတကြီးလိုအပ်နေပါသည်။ သင် ကျွန်ုပ်တို့ဆီမှစာစောင် ဝယ်ယူမှုများပြုလုပ်သောအခါ ထိုမှရရှိသော ငွေကြေးများနှင့် လှူဒါန်းမှုများအား ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တိုက်ရိုက်အသုံးပြုလျှက်ရှိပါသည်။

Love God Greatly သာသနာပြုအဖွဲ့အစည်းကို အသုံးပြု၍ ဘုရားသခင် ဤကမ္ဘာလောကကြီးထဲမှာ ဘယ်လိုအလုပ်လုပ်နေသလဲဆိုတာ ပြောပြမည့် အမျိုးသမီးတချို့ရဲ့ သက်သေခံချက်တွေကို နားထောင်ကြည့်ကြရအောင်။

ကျွန်ုပ်တို့နှင့် လာရောက်ပါဝင်ချိတ်ဆက်ပါ

ကျွန်ုပ်တို့သည် ရိုးရှင်းသော

ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ဖြင့် အစပြုခဲ့သော်လည်း ထိုနေရာတွင်သာ ရပ်တံ့မနေပါ။ အတူတကွ စုဝေးမိတ်သဟာယဖွဲ့ရခြင်းကို အလွန်နှစ်သက်ပါသည်။ ထို့ကြောင့် အချို့သောအမျိုးသမီးများသည် အိမ်များနှင့် အသင်းတော်များတွင် စုရုံးကြပြီး၊ အချို့က ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများနှင့် အွန်လိုင်းပေါ်တွင် ချိတ်ဆက်ကြပါသည်။