ကျွန်ုပ်တို့၏တာဝန်မှာ အမျိုးသမီးများ ဘုရားသခင်ကို သူတို့၏အသက်တာဖြင့် လွန်စွာချစ်မြတ်နိုးရန် ကူညီပေးဖို့ ဖြစ်ပါသည်။ ဘုရားသခင်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏ယုံကြည်ချက်များနှင့် သမ္မာကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့အား ဘုရားသခင်က သူဟာ ဘယ်လိုဘုရားမျိုးလဲ ဆိုတာဖော်ပြခြင်းများမှ ထိုတာဝန်ကို စတင်ပုံဖော်လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။
ဤသည်မှာ ကျွန်ုပ်တို့ အမှန်ဟု ယုံကြည်သောအရာ၏ အကျဉ်းချုပ်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော အနန္တတန်ခိုးရှင် ခမည်းတော်တစ်ပါးတည်းကို ကျွန်ုပ်တို့ယုံကြည်ပါသည်။
ခမည်းတော်၏တစ်ပါးတည်းသော သားတော် သခင်ယေရှုခရစ်ကိုသာ ကျွန်ုပ်တို့ယုံကြည်ပါသည်။
ကျွန်ုပ်တို့လူသားအားလုံးကို ကယ်တင်ဖို့ရန် သခင်ယေရှုခရစ်တော်ဟာ လောကကို ဆင်းကြွလာခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သူသည် အပျိုစင်မာရိဝမ်းထဲမှာ လူ့ဇာတိခံယူပြီး လူသားအဖြစ် မွေးဖွားခံခဲ့ပါသည်။ ပုန္တိပိလတ်မင်းလက်ထက်တွင်၊ ကျွန်ုပ်တို့လူသားအားလုံးအတွက် လက်ဝါးကပ်တိုင်မှာအသေခံ၍ သင်္ဂြိုဟ်ခြင်းကိုခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်တော်မူ၍ ကောင်းကင်ဘုံသို့တက်ကြွပြီး ခမည်းတော်၏လက်ျာတော်၌ ထိုင်နေတော်မူသည်။ အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်ခြင်းငှာ ဘုန်းတန်ခိုးနှင့် တဖန်ကြွလာ၍၊ သူ၏နိုင်ငံတော်သည် အဆုံးမရှိ တည်နေလိမ့်မည်ဖြစ်ပါသည်။
ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို တစ်လုံးတစ်ဝတည်း ကိုးကွယ်ယုံကြည်ပါသည်။ မိမိ၏အပြစ်များအတွက် နောင်တရ၍ ဝန်ချတောင်းပန်စွန့်လွှတ်ကာ ဗတ္တိဇံခံခြင်းနှင့် သန့်ရှင်းသောဘိတ်မာန်တော်ကို အသိမှတ်ပြုယုံကြည်ပါသည်။
သေလွန်သောသူတို့၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းကို ကျွန်ုပ်တို့မျှော်လင့်စောင့်နေကြပါသည်။ အာမင်။
သမ္မာကျမ်းစာဟာ ယုံကြည်စိတ်ချရသော ဘုရားသခင်ရဲ့ နှုတ်မြွက်စကားတော်ဖြစ်ပါသည်။
ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတစ်လုံးတစ်ဝတည်း တည်ရှိသော ဘုရားဖြစ်သည်။
သားတော်သခင်ယေရှုခရစ်တော်သည် အပျိုစင်မာရိဝမ်းထဲမှာ လူ့ဇာတိခံယူကာ အပြစ်ကင်းစင်သောလူသားအဖြစ် မွေးဖွားခံခဲ့ပြီး လက်ဝါးကပ်တိုင်မှာအသေခံ၍ သင်္ဂြိုဟ်ခြင်းကိုခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်တော်မူ၍ ကောင်းကင်ဘုံသို့တက်ကြွခဲ့ပါသည်။
လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။
ခရစ်တော်တစ်ပါးတည်းကိုသာ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရကြ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများကို ကောင်းသောခရစ်ယာန်အသက်တာဖြင့် အသက်ရှင်ရန် ခွန်အားပေးနှိုးဆော်နေပါသည်။
အသက်ရှင်သောသူနှင့် သေသော သူတို့ကို စစ်ကြောစီရင်ရန် သခင်ခရစ်တော်တဖန် ဆင်းကြွလာအုန်းမည်။
ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်ခြင်း – စစ်မှန်တဲ့ယုံကြည်သူအားလုံးအတွက် ထာဝရကောင်းကင်ဘုံမှာ နေဖို့ရန်ဖြစ်ပြီး မယုံကြည်သူအားလုံးအတွက် ထာဝရငရဲမှာ နေဖို့ရန်ဖြစ်သည်။
အသင်းတော်ကို ကမ္ဘာတစ်ဝှမ်းရှိ ဘာသာစကားအမျိုးမျိုး ပြောသော ယုံကြည်သူလူသားမျိုးနွယ် အားလုံးနှင့် ဖွဲ့စည်းထားပါသည်။
ဧဝံဂေလိသတင်းကောင်းကို အခြားသူများအား ပြောပြရန် နှုတ်ကပတ်တော်ထဲတွင် ယုံကြည်သူများကို စေခိုင်းထားပါသည်။
သင် ထူးခြားမှုကို ပြုလုပ်လိုကြောင်း ကျွန်ုပ်တို့ သိပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကျမ်းစာမတတ်မြောက်မှုကို တိုက်ဖျက်ရန်နှင့် ကျွန်ုပ်တို့တတ်နိုင်သလောက် ဘာသာစကားများစွာဖြင့် ကျမ်းစာလေ့လာခြင်းအရင်းအမြစ်များကို ပံ့ပိုးပေးရန်အတွက် ကျွန်ုပ်တို့၏မစ်ရှင်တွင် ဘုရားသခင်ကို ချစ်မြတ်နိုးစွာဖြင့် ကြီးမားစွာပါဝင်လိုက်ပါ။
အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုအနေဖြင့် Love God Greatly သည် အမှန်တကယ်အရေးကြီးသောအရာများတွင် ရင်းနှီးမြုပ်နှံရန် ရွေးချယ်ခဲ့သော သင်ကဲ့သို့ အမျိုးသမီးများ၏ ရက်ရောမှုကြောင့် တည်ရှိနေပါသည်။
လှူဒါန်းမှုတိုင်းသည် အခြားအမျိုးသမီးများ၏ ဘဝအပေါ် ဝိညာဉ်ရေးဆိုင်ရာ သက်ရောက်မှုရှိသည်။