သတင်းအချက်အလက်စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ဝေမျှခြင်း
ကျွန်ုပ်တို့သည် ဤဝက်ဘ်ဆိုက်မှ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်များ၏ တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်ပါသည်။ ကျွန်ုပ်တို့အား အီးမေးလ်မှ တစ်ဆင့်သော်လည်းကောင်း၊ သင်ရွေးချယ်အသုံးပြုသော ဝက်ဘ်ဆိုက်စာမျက်နှာမှ တစ်ဆင့်သော်လည်းကောင်း
သင့်ဆန္ဒအလျောက်ဖြည့်ပေးသည့် အချက်အလက်များကိုသာ ကျွန်ုပ်တို့ ရရှိစုဆောင်းနိုင်မှာဖြစ်ပါသည်။ ဤအချက်အလက်များကို မည်သူ့ကိုမျှ ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းမပြုပါ။ သင်ကျွန်ုပ်တို့ကို ဆက်သွယ်လာသည့်အခါ ထိုဆက်သွယ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတုံ့ပြန်ဖို့ရန်သာ သင့်အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါမည်။ ကျွန်ုပ်တို့၏ အဖွဲ့အစည်း အပြင်ဘက်တွင် သင်တို့၏ သတင်းအချက်အလက်များကို ကျွန်ုပ်တို့ မျှဝေမည် မဟုတ်ပါ။
အခမဲ့အရင်းအမြစ်များကို ဝင်ရောက်ကြည့်ရှုရန် သင့်အီးမေးလ်လိပ်စာကို သင်ပံ့ပိုးပါက၊ ကျွန်ုပ်တို့ထံမှ သတင်းလွှာများနှင့် အပ်ဒိတ်များကို လက်ခံရယူရန် သဘောတူပါသည်။ မည်သည့်အီးမေးလ်တွင်မဆို “စာရင်းသွင်းမှုမှ ရပ်ဆိုင်းရန်” လင့်ခ်ကို နှိပ်ခြင်းဖြင့် သို့မဟုတ် ကျွန်ုပ်တို့ထံ တိုက်ရိုက်ဆက်သွယ်ခြင်းဖြင့် ဤဆက်သွယ်ရေးများမှ စာရင်းသွင်းမှုကို အချိန်မရွေး ရပ်ဆိုင်းနိုင်ပါသည်။
ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းအသစ်များ၊ ပရိုမိုးရှင်းများ၊ ဝန်ဆောင်မှုအသစ်များ၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာ လုံခြုံရေးမူဝါဒ ပြောင်းလဲမှုများအကြောင်း သင်အား ဆက်သွယ်အကြောင်းကြားခြင်းမပြုရန် တောင်းဆိုထားခြင်းမရှိပါက၊ အနာဂတ်တွင် အီးမေးလ်မှတစ်ဆင့် သင့်ထံ အသိပေးအကြောင်းကြားမှုများ ရှိနိုင်ပါသည်။
မှာယူခြင်း
ကျွန်ုပ်တို့၏ ကုန်ပစ္စည်းမှာယူခြင်း ငွေပေးချေမှုလုပ်ငန်းစဉ်တွင် သင့်ထံမှ အချက်အလက်များကို ကျွန်ုပ်တို့တောင်းဆိုပါသည်။ ကျွန်ုပ်တို့ထံမှ ပစ္စည်းဝယ်ယူရန်အတွက် သင်သည် ဆက်သွယ်ရန်အချက်အလက် (အမည်၊ အီးမေးလ်လိပ်စာနှင့် ပို့ဆောင်ရန်လိပ်စာ) နှင့် ငွေကြေးဆိုင်ရာ အချက်အလက် (ခရက်ဒစ်ကတ်နံပါတ်၊ သက်တမ်းကုန်ဆုံးရက်) များကို ကျွန်ုပ်တို့ထံ ပေးရပါမည်။ ဤအချက်အလက်များကို ငွေရှင်းရန် ရည်ရွယ်ချက်နှင့် သင်မှာယူထားသောပစ္စည်းများကို ပို့ပေးရန်အတွက် အသုံးပြုပါသည်။ အကယ်၍ မှာယူမှုလုပ်ဆောင်ရာတွင် ပြဿနာရှိပါက၊ သင့်ထံ ဆက်သွယ်ရန် ဤအချက်အလက်များကို အသုံးပြုပါမည်။ ဒါ့အပြင် ဝက်ဘ်ဆိုက်ပေါ်မှာ မှာယူမှုလုပ်ဆောင်ခြင်းဖြင့် ထိုမှာယူထားသည့် ပစ္စည်းရောက်၊ မရောက်သတင်းပို့ခြင်း၊ သင်စိတ်ဝင်စားနိုင်သော ဆက်စပ်ထုတ်ကုန်များအကြောင်းနှင့် အခြားသတင်းအချက်အလက်များအကြောင်းကို မျှဝေရန် အီးမေးလ်မှတစ်ဆင့် သင့်ထံ ကျွန်ုပ်တို့အား နောက်ဆက်တွဲလုပ်ဆောင်ခွင့်ပြုရန် သင်သဘောတူပါသည်။ ထိုသို့ ဆက်သွယ်အကြောင်းကြားမှုများကို သင့်ဘက်မှ အချိန်မရွေး ဤဝက်ဘ်ဆိုက်ပေါ်တွင် ရပ်တန့်နိုင်ပါသည်။
ဝက်ဘ်ဆိုက်ကွတ်ကီး
ကျွန်ုပ်တို့သည် ဤဝက်ဘ်ဆိုက်တွင် “ကွတ်ကီး” ဟုခေါ်သော ဒေတာအပိုင်းများကို အသုံးပြုပါသည်။ ကွက်ကီးဆိုသည်မှာ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့ သင်ဝင်ရောက်အသုံးပြုရာတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့ ထပ်ခါတလဲလဲဝင်ရောက်သူများကို ရှာဖွေမှတ်သားထားရန် ကျွန်ုပ်တို့အား ကူညီပေးသည့် သုံးစွဲသူ၏ hard drive ပေါ်တွင် သိမ်းဆည်းထားသော အချက်အလက် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် သင့်အား ခွဲခြားသိရှိဖို့ရန် ကွတ်ကီးကို အသုံးပြုသောအခါ၊ သင်သည် ဝက်ဘ်ဆိုက်သို့ဝင်ရောက်ရန် စကားဝှက်ကို တစ်ကြိမ်ထက်ပို၍ လော့ဂ်အင်ဝင်ရန် မလိုအပ်တော့ပါ။ ထို့ကြောင့် ပစ္စည်းများမှာယူရာတွင် သင့်ကို အချိန်ကုန်သက်သာစေပါသည်။ ကွတ်ကီးတွေက ဝက်ဘ်ဆိုက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားသည့် အရာများကို ခြေရာခံပြီး ပစ်မှတ်ထားနိုင်အောင်လည်း လုပ်ဆောင်ပေးပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ကွက်ကီးအသုံးပြု၍ သုံးစွဲသူ၏ မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်နှင့်မျှ ချိတ်ဆက်ထားမှု မရှိပါ။
စစ်တမ်းကောက်ယူခြင်းများ
ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်က စစ်တမ်းမေးခွန်းတွေ ဒါမှမဟုတ် ပြိုင်ပွဲတွေကနေတစ်ဆင့် အခါအားလျှော်စွာ သတင်းအချက်အလက်တွေကို တောင်းဆိုပါသည်။ ဤ စစ်တမ်းများ သို့မဟုတ် ပြိုင်ပွဲများတွင် ပါဝင်ရန်/မပါဝင်ရန်မှာ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်သည်။ တောင်းဆိုထားသော အချက်အလက်များတွင် ဆက်သွယ်ရန်အချက်အလက် (အမည်နှင့် ပို့ဆောင်ရန်လိပ်စာ) နှင့် လူဦးရေစာရင်းအချက်အလက် (ဇစ်ကုဒ်၊ အသက်အရွယ်အပိုင်းအခြား) တို့ပါဝင်နိုင်သည်။ ဆုရရှိသူများကို အကြောင်းကြားရန်နှင့် ဆုလက်ဆောင်များချီးမြှင့်ရန်အတွက် ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြုပါမည်။ ဝက်ဘ်ဆိုက်အသုံးပြုမှုများကို စောင့်ကြည့်ရန် သို့မဟုတ် ဤဝက်ဘ်ဆိုက်ကို သင်တို့အသုံးပြုရာမှာ တိုးတက်ကောင်းမွန်စေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန် ရည်ရွယ်၍ စစ်တမ်းအချက်အလက်များကို အသုံးပြုမည်ဖြစ်သည်။
ကျွန်ုပ်တို့ဝက်ဘ်ဆိုက်မှ အနာဂတ်တွင် ရရှိနိုင်မည့် အရောင်းမြှင့်တင်ရေး ပရိုမိုးရှင်းများ ပို့ပေးခြင်းကို သင့်ဘက်မှ အချိန်မရွေး သင်၏ သတင်းအချက်အလက်များအပေါ် ဝင်ရောက်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်မှုတို့ကို ဝက်ဘ်ဆိုက်ထဲတွင် ရွေးချယ်လုပ်ဆောင်နိုင်ပါသည်။
ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုက်မှာ ပေးထားတဲ့ မက်ဆေ့ဘောက်၊ အီးမေးလ် ဒါမှမဟုတ် ဖုန်းနံပါတ်ကနေတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်းအားဖြင့် အချိန်မရွေး အောက်ပါတို့ကို လုပ်နိုင်ဆောင်နိုင်ပါသည်။
လုံခြုံရေး
သင်၏ အရောင်းအဝယ်ဆိုင်ရာ ငွေကြေးအချက်အလက်များ လုံခြုံမှုရှိစေရန်အတွက် လုပ်ငန်းစံနှုန်းဆိုင်ရာ ကြိုတင်ကာကွယ်မှုများ သတိပေးချက်များကို ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။ ဝက်ဘ်ဆိုက်မှတစ်ဆင့် အရေးကြီးသော သတင်းအချက်အလက်များကို တင်သွင်းတဲ့အခါ သင့်သတင်းအချက်အလက်တွေကို အွန်လိုင်းနဲ့ အော့ဖ်လိုင်း နှစ်ခုစလုံးမှာ ကာကွယ်ပေးပါသည်။ (အကြွေးဝယ်ကတ်) ကဲ့သို့သော အရေးကြီးသည့် သတင်းအချက်အလက်တွေကို စုဆောင်းတဲ့အခါ လျှို့ဝှက်ပြီးလုံခြုံတဲ့နည်းနဲ့ ကျွန်ုပ်တို့ထံ ပေးပို့နိုင်ရန်လုပ်ဆောင်ထားပါသည်။ လိပ်စာဘားရှိ လော့ခ်အိုင်ကွန်ကို ရှာဖွေခြင်းနှင့် ဝက်ဘ်ဆိုက်စာမျက်နှာ လိပ်စာ၏အစတွင် “https” ကို ရှာဖွေခြင်းဖြင့် ၎င်းကို စစ်ဆေးအတည်ပြုနိုင်သည်။
သင်တို့ရဲ့ အကြွေးဝယ်ကတ် အချက်အလက်တွေကို ကျွန်ုပ်တို့ရဲ့ ဆာဗာပေါ်တွင် မသိမ်းဆည်းပါ။ ကျွန်ုပ်တို့သည် အွန်လိုင်းမှပေးပို့သည့် အရေးကြီးသော အချက်အလက်များကို ကာကွယ်ရန် ကုဒ်ဝှက်စနစ်ကို အသုံးပြုနေချိန်တွင်၊ သင့်အချက်အလက်များကို အော့ဖ်လိုင်းတွင်လည်း ကာကွယ်ပေးပါသည်။ တိကျသောအလုပ်တစ်ခုခု (ဥပမာ-ငွေပေးချေခြင်း သို့မဟုတ် သုံးစွဲသူများအတွက်ဝန်ဆောင်မှု) ဆောင်ရွက်ရန် အချက်အလက် လိုအပ်သော ဝန်ထမ်းများကိုသာ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြုခွင့်ပေးပါသည်။ အရေးကြီးသော သတင်းအချက်အလက်တွေကို သိမ်းဆည်းသိုလှောင်ထားတဲ့ ကွန်ပျူတာ/ဆာဗာတွေကို လုံခြုံတဲ့နေရာမှာ ထားရှိပါသည်။
ကျွန်ုပ်တို့သည် ဤလုံခြုံရေးမူဝါဒကို မလိုက်နာဟု သင်ယူဆပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။
သင် ထူးခြားမှုကို ပြုလုပ်လိုကြောင်း ကျွန်ုပ်တို့ သိပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကျမ်းစာမတတ်မြောက်မှုကို တိုက်ဖျက်ရန်နှင့် ကျွန်ုပ်တို့တတ်နိုင်သလောက် ဘာသာစကားများစွာဖြင့် ကျမ်းစာလေ့လာခြင်းအရင်းအမြစ်များကို ပံ့ပိုးပေးရန်အတွက် ကျွန်ုပ်တို့၏မစ်ရှင်တွင် ဘုရားသခင်ကို ချစ်မြတ်နိုးစွာဖြင့် ကြီးမားစွာပါဝင်လိုက်ပါ။
အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုအနေဖြင့် Love God Greatly သည် အမှန်တကယ်အရေးကြီးသောအရာများတွင် ရင်းနှီးမြုပ်နှံရန် ရွေးချယ်ခဲ့သော သင်ကဲ့သို့ အမျိုးသမီးများ၏ ရက်ရောမှုကြောင့် တည်ရှိနေပါသည်။
လှူဒါန်းမှုတိုင်းသည် အခြားအမျိုးသမီးများ၏ ဘဝအပေါ် ဝိညာဉ်ရေးဆိုင်ရာ သက်ရောက်မှုရှိသည်။