အင်္ဂလိပ်မှ မြန်မာသို့ ဘာသာပြန်ဆိုနိုင်သည့်၊ ဘာသာစကားနှစ်မျိုးစလုံးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိတတ်ကျွမ်းသော အမျိုးသမီးများ လိုအပ်ပါသည်။
(လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။)
LGG တွင် ကျွန်ုပ်တို့ရေးထားသောစာစောင်များနှင့် ဘာသာပြန်ထားသော စာများအားလုံးကို ပြန်လည်စီစစ်ပြီး ကြိုတင်တည်းဖြတ်ပြီးမှသာ ပုံနှိပ်ပါသည်။ စာသားများကိုက်ညီမှုနှင့် မှန်ကန်မှုရှိရန် စီစစ်ပေးသော တည်းဖြတ်သူများ၏ အကူအညီရန် လိုအပ်ပါသည်။ တည်းဖြတ်သူများသည် မြန်မာဝေါဟာရ၊ သဒ္ဒါ၊ ရေးထားသောအသုံးအနှုန်းနှင့် သမ္မာကျမ်းစာဆိုင်ရာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသူဖြစ်ရန် လိုအပ်ပါသည်။
Canva သို့မဟုတ် Photoshop အသုံးပြုတတ်သော (သို့မဟုတ် အသုံးပြုနည်းကို လေ့လာလိုသော) အမျိုးသမီးများ သို့မဟုတ် မည်သည့်အွန်လိုင်းဂရပ်ဖစ် တည်းဖြတ်သူမဆို ကျမ်းစာလေ့လာမှုစာစောင် ဒီဇိုင်းများပြုလုပ်ခြင်းအတွက် လိုအပ်ပါသည်။
တခြားအမျိုးသမီးတွေကို သူတို့ရဲ့ဝိညာဉ်ရေးအသက်တာမှာ ကြီးထွားလာအောင် ကူညီပေးဖို့ သင် စိတ်ထက်သန်ပါသလား။ ကျွန်ုပ်တို့၏ အရင်းအမြစ်များနှင့် ခေါင်းဆောင်မှုသင်တန်းများကို ပို့ချပေးခြင်းဖြင့် သင့် ကိုယ်ပိုင် အတူတကွကျမ်းစာလေ့လာသည့် LGG မိတ်သဟာယအဖွဲ့ကို ဖွဲ့စည်းကာ အခြားသူများကို ခရစ်တော်၌ အသက်တာများ ရင့်ကျက်ကြီးထွားလာရန် ကူညီပေးနိုင်ပါသည်။
ကျွန်တော်တို့အားလုံး အားပေးမှုကိုလိုအပ်ပါသည်။ အားပေးတတ်သော ဆုကျေးဇူးနှင့် ခရစ်တော်၌ညီအစ်မများကို ကူညီတည်ဆောက်ပေးရန် ဆန္ဒရှိသော အမျိုးသမီးများကို ကျွန်ုပ်တို့ယခုလက်ရှိ ရှာဖွေလျှက်ရှိပါသည်။ ဒီကဏ္ဌတွင် အခမဲ့စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လိုသောသူများက မေးခွန်းများနှင့် မှတ်ချက်များကို ဖြေပေးခြင်း၊ သူတစ်ပါးအတွက် ဆုတောင်းပေးခြင်း၊ လင့်များနှင့် ဖိုင်များပို့ပေးခြင်း၊ စာသားများကိုစုစည်းပေးခြင်းများ ပြုလုပ်၍ ပါဝင်ဆက်ကပ်နိုင်ပါသည်။
သင် ထူးခြားမှုကို ပြုလုပ်လိုကြောင်း ကျွန်ုပ်တို့ သိပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကျမ်းစာမတတ်မြောက်မှုကို တိုက်ဖျက်ရန်နှင့် ကျွန်ုပ်တို့တတ်နိုင်သလောက် ဘာသာစကားများစွာဖြင့် ကျမ်းစာလေ့လာခြင်းအရင်းအမြစ်များကို ပံ့ပိုးပေးရန်အတွက် ကျွန်ုပ်တို့၏မစ်ရှင်တွင် ဘုရားသခင်ကို ချစ်မြတ်နိုးစွာဖြင့် ကြီးမားစွာပါဝင်လိုက်ပါ။
အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုအနေဖြင့် Love God Greatly သည် အမှန်တကယ်အရေးကြီးသောအရာများတွင် ရင်းနှီးမြုပ်နှံရန် ရွေးချယ်ခဲ့သော သင်ကဲ့သို့ အမျိုးသမီးများ၏ ရက်ရောမှုကြောင့် တည်ရှိနေပါသည်။
လှူဒါန်းမှုတိုင်းသည် အခြားအမျိုးသမီးများ၏ ဘဝအပေါ် ဝိညာဉ်ရေးဆိုင်ရာ သက်ရောက်မှုရှိသည်။