ယုံကြည်မှုဆိုတာ ကျွန်တော်တို့ အတူတူလုပ်တဲ့အရာပါ။

အလုပ်များသောကမ္ဘာနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းဆိုင်ရာအခက်အခဲများကြုံတွေ့နေရသောခရစ်ယာန်များအတွက် SOAP သမ္မာကျမ်းစာဖတ်ခြင်းကို ကျွန်ုပ်တို့ဖန်တီးထားပါသည်။ ကျွန်ုပ်တို့သည် တစ်နေ့လျှင် ၁၅-၂၀ မိနစ်ခန့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုနိုင်ပြီး ကျွန်ုပ်တို့၏အသက်တာတွင် ယင်းကို မည်သို့ဖော်ပြရမည်ကို အဖြေရှာနိုင်သည်။ ကျွန်ုပ်တို့၏အမြင်မှာ မတူညီသောဘာသာစကားသို့ပြန်ဆိုထားသည့် သမ္မာကျမ်းစာကို လေ့လာရာတွင် အတူတကွ ဘုရားသခင့်အစီအစဉ်အကြောင်း လေ့လာရန်ဖြစ်သည်။

SOAP ကျမ်းစာလေ့လာခြင်း။

ဆပ်ပြာကျမ်းစာလေ့လာမှုသည် ကျမ်းစာပိုဒ်များကို ဖတ်ရှုရုံထက် ပို၍နက်နဲစွာတွေးတောဆင်ခြင်ရန် နည်းလမ်းတစ်ခုဖြစ်သည်။

“ဆပ်ပြာ” ဆိုသည်မှာ ကျမ်းဂန်၊ စောင့်ကြည့်လေ့လာခြင်း၊ အသုံးချခြင်း၊ ဆုတောင်းခြင်းတို့ကို ဆိုလိုသည်။

ဤနည်းလမ်းလေးခုကို ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြံအစည်ကို အချင်းချင်းသိရှိပြီး မျှဝေနိုင်စေရန်အတွက် ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဘာကြောင့် S.O.A.P.

နည်းလမ်းဖြင့်ကျမ်းစာလေ့လာပါမည်နည်း။

သမ္မာကျမ်းစာကို ရိုးရှင်းစွာ ဒီအတိုင်းဖတ်ရှုနိုင်ပါသည်။ သို့သော် သင်သမ္မာကျမ်းစာကို ဒီအတိုင်းဖတ်လိုက်ရုံသာမဟုတ်ဘဲ သေချာစွာဖြေးဖြေးချင်း ကြိုးစားဖတ်ရှု လေ့လာသောအခါ၊ ရုတ်တရက် စာမျက်နှာပေါ်က စကားလုံးတွေသည် နားလည်ရန် ခက်ခဲလာပါသည်။ ကျမ်းပိုဒ်များကို SOAP နည်းလမ်းဖြင့် လေ့လာခြင်းအားဖြင့် သင်သည် နှုတ်ကပတ်တော်ကို ပိုမိုနက်နဲစွာ လေ့လာစူးစမ်းလာနိုင်မည်ဖြစ်ပြီး၊ ကျမ်းပိုဒ်များကို ရိုးရိုးဖတ်ခြင်းထက် ပို၍ ရှင်းလင်းစွာနားလည်လာနိုင်ပါလိမ့်မည်။ နေ့စဉ်သင်ဖတ်ရှုရမည့် ကျမ်းပိုဒ်များကို SOAP နည်းလမ်းဖြင့် အချိန်ပေးဖတ်ရှုရန် ခွန်အားပေးတိုက်တွန်းလိုပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ပြောင်းလဲလာသော သင့်ရဲ့အသက်တာကို သင်ကိုယ်တိုင်တွေ့မြင်ပြီး အံသြသွားပါလိမ့်မည်။

S.O.A.P. ဆိုတာ ဘာကိုဆိုလိုတာလဲ။

S (Scripture)

အက်စ်သည် သမ္မာကျမ်းစာကို ရည်ညွှန်းပါသည်။ SOAP ကျမ်းချက်များကို ချရေးပါ။ သင်ဖတ်ရှုနေသောကျမ်းချက်များကို ရေးချမှတ်သားပြီး သေချာအချိန်ယူလေ့လာကြည့်ပါက ဘုရားသခင် သင့်အား ဖော်ြပမည့်အရာကို သင်အံ့ဩသွားပါလိမ့်မည်။ 

O (Observation)

အိုသည် စေ့စပ်စွာလေ့လာခြင်းကို ရည်ညွှန်းပါသည်။ သင်ဖတ်ရှုလေ့လာနေသော ကျမ်းချက်တွင် သင်ဘယ်အရာကို တွေ့ရပါသနည်း။ မည်သူ့ကို ရည်ရွယ်ပြီးရေးသားထားပါသနည်း။ ထပ်ခါထပ်ခါပါသော စကားလုံးများ တွေ့ရပါသလား။ သင်ဘယ်စကားလုံးများကို သတိပြုမိပါသနည်း။ 

A (Application)

အေသည် လက်တွေ့နာခံလိုက်လျှောက်ခြင်းကို ရည်ညွှန်းပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မိမိအသက်တာကို အုပ်စိုးသောအခါ နာခံလိုက်လျှောက်တတ်သော အသက်တာ ရရှိလာပါလိမ့်မည်။ ယနေ့ ဘုရားသခင်ကျွန်ုပ်ကို ဘာသွန်သင်သလဲ၊ ကျွန်ုပ်ဖတ်ရှုလိုက်သော နှုတ်ကပတ်တော်ကို လက်တွေ့အသက်တာထဲမှာ ဘယ်လိုလိုက်လျှောက်နိုင်မလဲ၊ ကျွန်ုပ်အသက်တာထဲမှာ ဘာအပြောင်းအလဲများလုပ်ရန် လိုအပ်နေပါသလဲ၊ အသက်တာထဲမှာ ချက်ချင်းပြောင်းလဲလုပ်ဆောင်ရန် လိုနေသောအရာများရှိနေပါသလား။

P (Prayer)

ပီသည် ဆုတောင်းခြင်းကို ရည်ညွှန်းပါသည်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း ဆုတောင်းပါ။ ဘုရားသခင်သည် သင့်အားနှုတ်ကပတ်တော်ထဲ၌ တစ်စုံတစ်ရာဖော်ပြခဲ့ပါက ထိုအကြောင်းအရာကို ဆုတောင်းဆက်ကပ်ပါ။ အသက်တာထဲ၌အပြစ်တစ်ချို့ ဖော်ပြခဲ့ပါက ဝန်ချတောင်းပန်ပါ။ သင်အချိန်ရှိရင်ရှိသလောက် အချိန်နည်းနည်းဖြစ်စေ၊ များများဖြစ်စေ ဤကဲ့သို့ နှုတ်ကပတ်တော်ကို လေ့လာပါ။ တစ်ချို့ရက်တွေမှာ ၁၀မိနစ် သို့မဟုတ် ၁၅မိနစ်၊ တစ်ခြားရက်တွေမှာ ပိုပြီးကြာနိုင်ပါသည်။

S.O.A.P နည်းလမ်းတွင် အရေးအကြီးဆုံး ပါဝင်တဲ့ အပိုင်းကတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သင်နားလည်သဘောပေါက်ကာ ပြန်လည်တုံ့ပြန်ခြင်းနှင့် သင့်ဘဝထဲမှာ ပြန်လည်အသုံးချခြင်းတို့ဘဲ ဖြစ်ပါတယ်။

SOAP ကျမ်းစာလေ့လာခြင်းနည်းလမ်း အရင်းအမြစ်များ 

Love God Greatly ၏ ကျမ်းစာလေ့လာမှုစာစောင်တိုင်းကို SOAP နည်းလမ်း အသုံးပြု၍ ရေးသားဖန်တီးထားပါသည်။ ကျွန်ုပ်တို့၏ ထိုကျမ်းစာလေ့လာမှုစာစောင် အရင်းအမြစ်များဟာ ဘုရားသခင်၏အံ့ဖွယ်ကောင်းသောနှုတ်ကပါတ်တော်၌ သင်နဲ့ ဘုရားအကြား အပြန်အလှန်ဆက်သွယ်မှုရှိလာစေပြီး သင်ရဲ့ဝိညာဉ်ရေးရာအသက်တာ ပိုမိုကြီးထွားလာစေရန် သင့်အား တိုက်တွန်းကူညီပေးမှာဖြစ်ပါသည်။

 

သင့်ဝယ်ယူမှု၏ 100% သည်၊ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများအား ၎င်းတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာနိုင်ဖို့ ပံ့ပိုးကူညီပေးရာတွင် ကျွန်ုပ်တို့ပြန်လည်အသုံးပြုနေပါသည်။ ယခုအချိန်အထိ ကျွန်ုပ်တို့သည် ကျမ်းစာလေ့လာမှုစာစောင်များကို ဘာသာစကား ၄၀ကျော်ဖြင့် ဘာသာပြန်ဆိုထားပီးဖြစ်ပြီး ဆက်လက်တိုး၍ လုပ်ဆောင်ရန်လည်း ကြိုးစာနေပါသည်။ သင်၏ဝယ်ယူမှုတိုင်းသည် ကျွန်ုပ်တို့၏ သာသနာအမှုတော်ကို ပိုမိုပြန့်ပွားကြီးထွားလာစေပါသည်။